မြန်မာနိုင်ငံ ဆေးကောင်စီ တတိယလေးနှစ်သက်တမ်း ပထမအကြိမ် ဗဟိုကောင်စီ အစည်းအဝေးကျင်းပခြင်းနှင့် အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်း

News

Home » News » မြန်မာနိုင်ငံ ဆေးကောင်စီ တတိယလေးနှစ်သက်တမ်း ပထမအကြိမ် ဗဟိုကောင်စီ အစည်းအဝေးကျင်းပခြင်းနှင့် အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်း

မြန်မာနိုင်ငံဆေးကောင်စီ တတိလေးနှစ်သက်တမ်း ပထမအကြိမ် ဗဟိုကောင်စီအစည်းအဝေးကို အစည်းအဝေးခန်းမ၊ ဆေးသုတေသနဦးစီးဌာန၌ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် (၉) နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံဆေးကောင်စီ နာယကများဖြစ်ကြသည့် ကျန်းမာရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ပါမောက္ခဒေါက်တာဖေသက်ခင်၊ ပါမောက္ခဒေါက်တာခင်မောင်အေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ အဆင့်မြင့်ကိုယ်စားလှယ်၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့မှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အငြိမ်းစား ဆရာဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဦးစီးဌာနမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ထမ်းမဟုတ်သော မှတ်ပုံတင် ဆရာဝန်ကိုယ်စားလှယ်များ၊ ဆရာဝန်မဟုတ်သောပညာရှင်များမှ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ အဖွင့်အမှာစကားပြောကြားပေးပြီးမြန်မာနိုင်ငံဆေးကောင်စီ၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များကို ယခုအသစ်ဖွဲ့စည်းလိုက်သည့် ကောင်စီဝင်များအနေနှင့် မြန်ဆန် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာအပါအဝင် အခြားသော ရေးဝန ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံသားများအတွက် ထိရောက်မှုနှင့်လုံခြုံမှုရှိသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန် ရရှိစေရန် ဆောင်ရွက်စေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မှတ်ပုံတင် ဆရာဝန်များ၏ အရည်အသွေးမြှင့်တင်နိုင်ရန် ဆေးတက္ကသိုလ်များအား အရည်အသွေးပြည့်မှီကြောင်း အသိအမှတ် ပြုသတ်မှတ်ပေးရေး၊ ဆရာဝန်များ စဉ်ဆက်မပြတ်ဆေးပညာသင်ကြားမြှင့်တင်ရေး၊ ဆေးကုသမှုလုပ်ငန်းများ စံချိန်စံညွှန်းသတ်မှတ်ပြီး ပြည့်မှီအောင်လိုက်နာဆောင်ရွက်စေရေး၊ ကျင့်ဝတ်သိက္ခာနှင့် ဆေးကုသမှုအရည်အချင်း ပြည့်မှီစေရေးတို့အား အလေးထား ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

တက်ရောက်လာသော ကောင်စီဝင်များမှ အဆိုပါကိစ္စများအပေါ် ပြန်လည်ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များမှလည်း မိမိတို့ဒေသတွင်းရှိ ကိစ္စရပ်များအား တင်ပြဆွေးနွေးကြပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့များအား ကောင်စီဝင်များ၏ ဆန္ဒမဲဖြင့်ရွေးချယ်တင်မြှောက်ခဲ့ပြီး အလုပ်အမှုဆောင်အဖွဲ့ကို ဥက္ကဋ္ဌအဖြစ် ဒေါက်တာမျိုးခင်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပါမောက္ခဒေါက်တာခင်ဇော်၊ ဘဏ္ဍာရေးမှူးအဖြစ် ပါမောက္ခဒေါက်တာဌေးဌေးတင် အတွင်းမှူးရေးအဖြစ် ဒေါက်တာသီတာအောင်၊ တွဲဖက်အတွင်းရေးမှူအဖြစ် ပါမောက္ခဒေါက်တာသင်းသင်းနွဲ့တို့ ဦးဆောင်သော အဖွဲ့ဝင် (၂၁) ဦးပါ ကောင်စီဝင်များဖြင့် ဖွဲ့စည်းခဲ့ပါသည်။

×